MNP ၊ မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နှင့် ဟုမ္မလင်းမြို့နယ်တို့တွင် ယမန်နေ့က PDF အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၊ အမှတ် (၃) ရပ်ကွက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိစဉ် PDF အကြမ်းဖက်သမားများထံ လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား သတင်းပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇော်ထက်နိုင်(ခ)ငထက်နှင့် ဇာနည်အောင် တို့ ၂ ဦး အား ၎င်းတို့၏ဖုန်းအတွင်း PDF အကြမ်းဖက်သမားများနှင့်ပြောဆိုထားသည့် သက်သေ အထောက် အထားများနှင့် အတူ တွေ့ရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့များက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် လူမှုကွန်ယက်စာမျက်နှာပေါ်မှ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံကြောင်းနှင့် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက် ရှိကြောင်းကို တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးဖွဲ့များက သွားရောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သူရထွန်း၊ မြသင်းဖြူ တို့ ၂ ဦးအား ၎င်းတို့၏ ဖုန်းအတွင်း သက်သေအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment