စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ မတ် ၃၁ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ၃၀-၃-၂၀၂၃ ရက်နေ့က မုံရွာမြို့အပါအဝင် သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့မှာ ဖမ်းဆီးရမိ အကြမ်းဖက်သမားများထဲမှ -

(၁) မုံရွာမြို့၊ ချမ်းမြေ့ဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲအစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ဒေါ်ဖြူဖြူသက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည) အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ်၊

(၂) မုံရွာမြို့နယ်၊ မုဆိုးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများနှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်နက်ခဲယမ်းများ ပြုလုပ်ခဲ့သူ တရားခံ ဖြိုးသူအောင်(ခ)ပုတ်ကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊

(၃) မုံရွာမြို၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများထံသို့ ငွေကြေး ထောက်ပံ့ပေးအပ်ခဲ့သူ တရားခံ မြင့်သန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ခ)၊၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊

(၄) မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမည့် စာသားများ၊ အကြမ်းဖက်အဖွဲ့အစည်းများအား အားပေးထောက်ခဲ့သည့် စာသားများအား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေသူ တရားခံ သော်ဇင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။


ချောင်းဦးမြို့နယ်မှာတော့ -

(၁) ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေး အကြိမ်ကြိမ်ထောက်ပံ့ခဲ့သူ တရားခံ မမေဖူးဖူးခိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁) နှစ်ချမှတ်လိုက်ကြောင်း သိရပါတယ်။


စစ်ကိုင်းမြို့မှာတော့ -

(၁) စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများထံ သတင်းပေးပို့မှုများ ပြုလုပ်လျက်ရှိသူ တရားခံ ကျော်မျိုးဝင်း(ခ) ကိုပြူးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၂) စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများထံ သတင်းပေးပို့မှုများ ပြုလုပ်လျက်ရှိသူ တရားခံ မင်းထွေး(ခ)သက်ထွေးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၃) စစ်ကိုင်းမြို့နယ်၊ မအူပင်(အရှေ့)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ဘုန်းမော်(ခ)မော်ကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊

(၄) စစ်ကိုင်းမြို့နယ်၊ မအူပင်(အရှေ့)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ဇော်မင်းခိုင်(ခ)ခေါက်ကြီးအား အကြမ်းဖက် ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊

(၅) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတာင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်လျက်ရှိပြီး သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ အောင်ပြည့်စုံ(ခ)ပါကျဲအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၆) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်လျက်ရှိပြီး သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ နိုင်ထက်ဇော်(ခ)ငုံချစ်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၇) စစ်ကိုင်းမြို့နယ်၊ တော်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူ တရားခံ ပိုင်သက်မှူး(ခ)ပိုင်ကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)၊၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၆)နှစ်၊ 

(၈) စစ်ကိုင်းမြို့နယ်၊ ကြွယ်လူးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူ တရားခံ အောင်ခိုင်ဖြိုး(ခ)ငပိန်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)၊၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၆)နှစ်၊

(၉) စစ်ကိုင်းမြို့နယ်၊ ပါယ်ငါးဆယ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူ တရားခံ ရဲမင်းထက်(ခ)ဒိုပေါက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)၊၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၆)နှစ်၊

(၁၀) စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်မှု ပြုလုပ်ခဲ့သူ တရားခံ စည်သူစိုး(ခ)ကိုကိုကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊

(၁၁) စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲအစည်း ဖွဲ့စည်းဆောင်ရွက်မှု ပြုလုပ်ခဲ့သူ တရားခံ ကျော်ဇောအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် (၆)နှစ် အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။


ယင်းမာပင်မြို့နယ်မှာတော့ -

(၁) ယင်းမာပင်မြို့နယ်၊ ဂွေးချောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများအား ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသူ တရားခံ သန့်ဇင်အောင်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ်၊

(၂) ယင်းမာပင်မြို့နယ်၊ မြစည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ နန္ဒေါဘာသ(ခ)ညွှန့်ဆွေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၃) ယင်းမာပင်မြို့နယ်၊ စုန်းကျင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရှိသည့် အဖွဲ့အစည်းများအား သတင်းပေးပို့လျက်ရှိသူ တရားခံ ငြိမ်းထွန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


ကနီမြို့နယ်မှာတော့ -

(၁) ကနီမြို့နယ်၊ ကျွန်းဖျားကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရာခံ ရန်နိုင်အောင်(ခ)ရန်နိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

(၂) ကနီမြို့နယ်၊ တအုံကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းများထံဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ ဇော်ဝေထက် အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာတော့ 

(၁) ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရာခံ ဟိန်းထက် အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာလည်း -

(၁) ခန္တီးမြို့၊ မြဇေယျာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လက်နက်ခဲယမ်းများအား လက်ဝယ်ထားရှိသူ တရားခံ ဘရန်မိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၇)နှစ်၊

(၂) ခန္တီးမြို့၊ နတ်ကြီးကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လက်နက်ခဲယမ်းများအား လက်ဝယ်ထားရှိသူ တရားခံ နောင်ဆိုင်(ခ)လှထွန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် (၁၇)နှစ်၊

(၃) ခန္တီးမြို့နယ်၊ ကချင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လက်နက်ခဲယမ်းများအား လက်ဝယ်ထားရှိသူ တရားခံ ဒန်လီအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၇)နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။


ကျွန်းလှမြို့နယ်မှာတော့ -

(၁) ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များထံမှ လက်နက်ခဲယမ်းများအား လုယူထွက်ပြေးရန် ကြိုးစားသူ တရားခံ သီဟကျော်(ခ)ဖိုးကျော်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)