ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ



MNP  -  မတ် ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများနှင့် ပူးပေါင်း၍ စာရေးဆရာကောင်းပြည့်သော်၏ “လူငယ်တို့ရဲ့ခမ်းနားသော ပစ္စုပ္ပန် တောက်ပသော အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင် ဒေါ်နန်းရွှေအုံက "တာဝန်ယူမှုရှိပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ ဒေါ်ခင်သူဇယညွှန့်က "ကိုယ့်ကိုယ်ကိုယ်တာဝန်ယူပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွေးစန္ဒာလှိုင်က "လက်ရှိအချိန်က အကောင်းဆုံးအချိန်" ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့၏ အတွေ့အကြုံများဖြင့် အသီးသီး ဆွေးနွေးခဲ့ကြ‌သည်။


ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအ‌ပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)