သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်လှစ်


MNP  -   မတ်  ၁

သံဖြူဇရပ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ရုံးဝန်ထမ်းများ စာရင်းဇယားဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ရာတွင် မှားယွင်းမှုမရှိစေရန် ရည်ရွယ်၍  စာရင်းကိုင်နှင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၁၀)အချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်စာရင်းစစ်ဦးစီးဌာနမှ ဒုစာရင်းစစ်မှူး ဒေါ်ယဉ်ယဉ်သီက စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ အကြောင်းအရာကို ရှင်းလင်းသင်ကြားပို့ချပေးခဲ့သည်။


အဆိုပါသင်တန်းကို မြို့နယ်အထွေထွေအအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၃၅)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း (၁၅)ဦး၊ စုစုပေါင်း(၅၀)ဦးအား နံနက် (၁၀)နာရီမှ ညနေ (၄) နာရီထိတစ်ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)