ဘီးလင်းမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌နွေရာသီအခြေခံ စစ်တုရင်သင်တန်း(အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌နွေရာသီအခြေခံ စစ်တုရင်သင်တန်း(အခမဲ့)ဖွင့်လှစ်





MNP ၊ မတ်  ၁၄

    ဘီးလင်းမြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ် စစ်တုရင် ဝါသနာရှင်များနှင့် ပူးပေါင်း၍ နွေရာသီအခြေခံ စစ်တုရင် သင်တန်း(အခမဲ့)ကို ယနေ့ နံနက်၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာန၊ (Community-Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


   ရှေးဦးစွာ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊  ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ  က နွေရာသီ ကျောင်းပိတ်ရက် များတွင် လူငယ်များ ဉာဏ်ရည်ထက်မြက်မှု ၊အတွေးအခေါ်ရင့်သန်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို အကောင်းဆုံး လေ့ကျင့်ပေးသည့် အတွက်   စစ်တုရင်ကစားနည်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ် စစ်တုရင်ဝါသနာရှင် သင်တန်းနည်းပြ ဦးရဲကျော်က စစ်တုရင် ကစားနည်း၏ အခြေခံအချက်အလက်များနှင့် စစ်တုရင်ကစားနည်းမှာ ဉာဏ အားကစားနည်း တစ်ရပ်အဖြစ် နိုင်ငံ အသီးသီးတွင် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည့် အတွက်အရည် အသွေး ပြည့်ဝသော မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


     အဆိုပါ စစ်တုရင်သင်တန်းတွင်  သင်တန်းနည်းပြအဖြစ် စစ်တုရင် ဝါသနာရှင်  ဦးရဲကျော် နှင့် ဦးကျော်သူ တို့က အခြေခံစစ်တုရင်ကစား နည်းကို  မတ်လ ၁၄ ရက် မှ ၂၀ ရက်နေ့အထိ နေ့စဥ် ၂ နာရီကြာ  အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်း အဆင့် ကျောင်းသား (၁၆)ဦး တို့ တက်ရောက်လျက် ရှိကြောင်းသိရ သည်။


ထူးနောင် 

 https://t.me/MyanmarNationalPost





No comments:

Post a Comment