သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံပန်းချည်တံထိုးနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံပန်းချည်တံထိုးနည်း သင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၁၄

သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတ တိုးပွါးပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်အခြေခံပန်းချည်တံထိုးနည်း သင်တန်းကို  ​​ယမန်နေ့နံနက် ၁၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကိုရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ အခြေခံ အခြေခံပန်းချည်တံထိုးနည်း သင်တန်းသို့  သံတွဲမြို့ရှိ အခြေခံပညာ ကျောင်းများမှအထက်တန်း,အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ( ၃၅)ဦးအား နည်းပြဆရာ ဒေါ်ခင်မြဝါ (အငယ်တန်းစာရေး )    က မတ်လ ၁၃ ရက်နေ့မှ မတ်၁၇ ရက်နေ့အထိ (၅)ရက် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)