ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ၌စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ၌စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ





MNP ၊ မတ်  ၁၄

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန  လူငယ်အသင်း(Youth Club)နှင့်အမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်းကာ စာပေကိုချစ်မြတ်နိုးသူများတိုးပွားလာစေရန် ရည်ရွယ်၍   စာဖတ်ဝိုင်းဆွေးနွေးပွဲကို  မတ်လ  ၁၄  ရက်နေ့လယ်ပိုင်းက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centreခန်းမ၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် Women Clubအသင်းဝင်  ဒေါ်သူဇာက   အဖွင့်အမှာ  စကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ 


ထို့နောက်  WomenClub အသင်းဝင်ဒေါ်ဇာဇာဖြိုးနှင့်Youth Clubအသင်းဝင်ဒေါ်ယမုံဦးတို့က စာရေးဆရာ ပေါက်ပေါက် ရေးသားသည့် စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ   စာအုပ်ကိုဖတ်ရှုကြပြီး   အဖွဲ့ဝင်များတက်ရောက်လာသူများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို Women Club အသင်းဝင်များ၊ Youth Club အသင်းဝင်များ နှင့်စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)