MNP - မတ် ၂
ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ် ပေါ်တာက ကာလရှည်ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ကွင်းလယ်အဖျက်ကစားသမား အန်ကိုလို ကန်တီနဲ့ပတ်သက်ပြီး “ ကန်တီကို လေ့ကျင့်ရေးကွင်းမှာ ပြန်တွေ့ရတာ အရမ်းကိုကောင်းပါတယ်၊ သူက အသေးစားလေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် အချိန်နည်းနည်းတော့ ပေးဖို့လိုပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂရေဟမ် ပေါ်တာက “သူအသင်းကို ပြန်ရောက်လာတာ အရမ်းကိုကောင်းပါတယ်။ သူက အသင်းဆီကို သူ့ရဲ့ စွမ်းအင်၊ အရည်အသွေးတွေ၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေကို ယူဆောင်လာပြီး၊ သူက ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment