MNP - မတ် ၂
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပထမဆုံးဆုဖလားအဖြစ် ကာရာဘောင်ဖလားရယူအပြီး သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ "ဒီအသင်းကို ငါ့အသင်းလို့ ထင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အဲရစ်တန်ဟတ်က ဆုဖလားယူပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်သွားခါနီးမှာ"ငါသွားရတော့မယ် ဘာလို့လဲဆိုတော့ ငါတို့နောက်ထပ်တစ်ခုထပ်သွားယူရဦးမှာမို့လို့ပါကွာ" လို့ အရွှန်းဖောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment