ဂွမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ








MNP ၊ မတ် ၂၄

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖေါ်ဆောင်ရွက်မည့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်သမဝါယမကဏ္ဍတို့တွင်ထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်က  ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ပြီး မတည်ရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊မွေးမြူရေး၊ငါးလုပ်ငန်းနှင့်သမဝါယမကဏ္ဍများကိုအောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


 ထို့နောက်စိုက်ပျိုးရေးကဏ္ဍ မြစိမ်းရောင်ကျေးရွာမြို့နယ် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးကျော်ထွန်းလင်းက စီမံကိန်းစိုက်ပျိုးရေးကဏ္ဍအကြောင်းအရာ များကိုလည်းကောင်း၊မွေးမြူရေးကဏ္ဍ မြစိမ်းရောင်ကျေးရွာမြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးခင်မောင်ရီက စီမံကိန်းမွေးမြူရေးကဏ္ဍ

အကြောင်းအရာများကိုလည်းကောင်း၊သမဝါယမကဏ္ဍ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်ဆွေဆွေဝင်းက သမဝါယမကဏ္ဍအကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး   အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများလွဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြမည့် ချင်းကုန်းကျေးရွာ၊ရွှေဦးကွင်းကျေးရွာ၊ ရတနာမြိုင်ကျေးရွာနှင့် ကျောက်ခေါင်းကွင်းကျေးရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၆၀၀)နှုန်းဖြင့်လည်းကောင်း၊ ကွင်းလျားရှည်ကျေးရွာနှင့် ကျောက်ကြီးကျေးရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၄၀၀)နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ်သိန်း(၃၂၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ကြမည့် ကျောက်ချွန် ကျေးရွာ၊ ကင်းရုံးရပ်ကွက်နှင့် ကျိန္တလီအမှတ်(၂)ရပ်ကွက်အားငွေကျပ်သိန်း(၆၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၈၀၀)ကျပ်၊ သမဝါယမကဏ္ဍတွင် ရေကျော်လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအား ငွေကျပ်သိန်း(၁၉၅)ကိုလည်းကောင်း၊ ပုလဲရွှေဝါစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား ငွေကျပ်သိန်း(၁၃၅)နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ်သိန်း(၃၂၀၀)ကျပ်တို့ကို တာဝန်ရှိသူများကအသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။


 အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရန်ပုံငွေဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)