MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဖြင့် ကျေးရွာကြီးကြပ်မှု ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ကျေးလက်နေပြည်သူများ၏ အဓိကအသက်မွေးဝမ်း ကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖြစ်၍အဆိုပါကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုစေရန်မျှော် မှန်း ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေ ဖြင့်စိုက်ပျိုးရေးမြစိမ်း ရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ရန် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ကျေးရွာအဆင့်စီမံကိန်း ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်သောကြောင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအဆင့်စီမံကိန်းအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေး မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာများဖြစ်သည့် ကွင်းလျားရှည်၊ ကျောက်ကြီး၊ ချင်းကုန်း၊ ရွှေဦးကွင်း၊ ရတနာမြိုင်၊ ကျောက်ခေါင်းကွင်း ကျေးရွာများမှ ကျေးရွာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက စာတွေ့၊လက်တွေ့သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment