တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့၌ ကျောင်းသား/သူ ခြောက်ရာကျော် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့၌ ကျောင်းသား/သူ ခြောက်ရာကျော် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၀

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ များကို မတ်လ(၈)ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိပြီး  ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့၌ ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား /သူ ခြောက်ရာကျော် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ ကျင်းပနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၃၂၁)ဦး၊ ကျောင်းသူ(၃၉၉)ဦး စုစုပေါင်း (၇၂၀)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၈၂)ဦး၊ ကျေင်းသူ(၃၅၄)ဦး စုစုပေါင်း (၆၃၆)ဦးအထိရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၈.၃၃)ရာခိုင်နှုန်းအထိရှိကြောင်းနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)