စလင်းမြို့နယ် မြေနီကုန်းကျေးရွာတွင် စေတနာသွေးသန့်သွေးလှူရှင် စုဆောင်းရေး အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် မြေနီကုန်းကျေးရွာတွင် စေတနာသွေးသန့်သွေးလှူရှင် စုဆောင်းရေး အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်



MNP ၊ မတ်  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်​ မြေနီကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်း ဘုရားတန်ဆောင်းအတွင်း၌ စလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်အောင်မိုးတို့မှ ကြီးကြပ်၍ စေတနာသွေးသန့် သွေးလှူရှင်စုဆောင်းရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ စေတနာသွေးသန့်သွေးလှူရှင်စုဆောင်းရေး အသိပညာပေးဆွေးနွေးခြင်းကို မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြေနီကုန်း ကျေးရွာမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုမင်းမင်းကိုနှင့် ကျေးရွာပရဟိတအဖွဲ့မှ ဦးမောင်စိုးနှင့် ပရဟိတအဖွဲ့ဝင် လူငယ်အမျိုးသား၊ အမျိုးသမီး (၄၀)ဦးတို့ တက်ရောက် ကြသည်။ ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်က စေတနာ သွေးသန့် သွေးအလှူရှင် စုဆောင်းရေးအသိပညာပေးဆွေးနွေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


 မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် မြေနီကုန်းကျေးရွာမှ ကိုမင်းမင်းကိုက ထပ်ဆင့်၍ စေတနာသွေးသန့် သွေးလှူရှင်ဆွေနွေးရခြင်းနှင့်ပတ်သက်၍ သွေးလှူဒါန်းရခြင်း အကြောင်းနှင့် သိသင့်သိထိုက်သည့် သွေးကိုစတင်၍ လှူဒါန်းနိုင်သည့် အရွယ်၊ မည်သည့် အရွယ်မစတင်၍ လှူဒါန်း၍ရကြောင်းများ၊ အမျိုးသား၊ အမျိုးသမီးတို့၏ ကိုယ်အလေးချိန် ပေါင် မည်မျှရှိမှ သွေးလှူဒါန်း၍ ရနိုင်ကြောင်းများ၊ သွေးလှူဒါန်းနိုင်သည့် အချက်များကို ပြည်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြေနီကုန်းကျေးရွာ ပရဟိတစေတနာဖွဲ့ဝင် ဦးစိုးမှ မိမိသွေးစတင် လှူခဲ့ရပုံများအကြောင်းနှင့် မိမိတို့ကျေးရွာ ပရဟိတအဖွဲ့လေးကို ဖွဲ့စည်းခဲ့ရာတွင် ရာသီအချိန်အခါမရွေး၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး သွေးလှူဒါန်းမှု များကို ဆောင်ရွက်ခဲ့ကြသည်မှာ ၂၅ နှစ် အနည်းဆုံးကြာပြီဖြစ်ပြီး ယနေ့အထိ စလင်းမြို့နယ်တွင် လူနာသွေးမရရှိလို့​ မသေခဲ့ပါကြောင်း၊ သွေးလှူဒါန်းမှုများကို စေတနာသန့်သန့်ဖြင့် လှူဒါန်းခဲ့ရပုံများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဖွဲ့စည်းထားသည့် ပရဟိတကျေးရွာများဖြစ်သည့် ရုံးပင်ကန်ကျေးရွာ၊ ကြူဝန်းကျေးရွာတို့သည် အနီးစပ်ဆုံးသိရှိထားကြောင်းများ၊ သွေးလှူရှင်များ၏ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ပြီး သွေးလှူဒါန်းရခြင်း၏ ကုသိုလ်စေတနာ၊ သွေးတစ်ပုလင်း သွေးတစ်အိပ်၏ နောက်ကွယ်မှ မိသားစုများ၏ ဘဝရပ်တည်မှုများ၊ လူတစ်ဦးတစ်ယောက်ကို မိမိတို့၏ သွေးဖြင့် အသက်တစ်ချောင်းမှသည် မိသားစုတစ်စုလုံး ဘဝပျက်လောက်မည့်အရေး ကယ်တင်ရပုံများကို ရှင်းလင်းပြောကြားခဲ့ကာ မိမိတို့ကျေးရွာမှ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးလေးများအား သွေးတစ်ပုလင်းဖြင့် လူသားတစ်ယောက်ကို ကယ်ရုံတင်မဟုတ်သည့် လူသားတို့၏ နောက်ကွယ်မှ အမှန်တကယ်ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ရှင်းလင်းပြေကြားကာ သွေးလှူရခြင်း၏ ကောင်းကျိုးများနှင့် ကျန်းမာရေး ဗဟုသုတများကို မျှဝေကာ စေတနာသွေးသန့်သွေးလှူရှင်များ ပေါ်ပေါက်လာကြစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment