ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်



MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ ည​နေ ၃နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဂွမြို့နယ်ရုံး Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။ 


အဆိုပါ Talk Showတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က   လူငယ် နှင့် အားကစားဆိုင်ရာ  အသိပညာပေး Talk Show ပြုလုပ်ရခြင်းအား ရှင်းလင်း ပြောကြားပြီး လူငယ်နှင့်အားကစားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ မေးမြန်းခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းလွင် က  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ချမှတ်ထားသည့် တာဝန်များဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ စည်းကမ်းကောင်းမွန်ပြီး  ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အမျိုးသားရေးတာဝန်တစ်ရပ်ကို စိတ်အားထက်သန်စွာ ခံယူတတ်စေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာစေရေးစသည့် တာဝန်များနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန် ၊  အားကစား နည်း များအား အခြေခံမှစ၍ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည့် လူငယ်နှင့် အားကစားရေးရာအကြောင်း၊ နွေရာသီ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အားကစားသင်တန်းများအကြောင်း၊ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ အားကစားနည်း( ၆) မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့်  ဘောလုံး ၊ ဘော်လီဘော ၊ ပိုက် ကျော် ခြင်း ၊ တိုက်ကွမ်ဒို ၊ စားပွဲတင် တင်းနစ် ၊ ရိုးရာခြင်း စသည်ဖြင့်ကျောက်ချွန်ကျေးရွာနှင့် ရဟိုင်ကူးတို့ကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို  အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြော ကြားခဲ့ကြောင်းသိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment