MNP ၊ မတ် ၃၁
မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေး နွေးသင်ကြားမှုကို မတ် ၂၈ ရက် နံနက် ၈ နာရီ တွင်အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းရာပြည့်ခန်းမ၌ဖွင့်လှစ်ပြီး ဆွေးနွေးပွဲကို နေ့စဉ်နံနက် ၈ နာရီမှညနေ ၄ နာရီထိကျင်းပပြုလုပ်လျှက်ရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ကျိုက်ထိုမြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ဆရာမ (၅၅၇)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၂၀)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄) ရက် ကြာသင်ကြားဆွေးနွေးပို့ချခဲ့ရာမတ်လ ၃၁ ရက်(စတုတ္ထ)နေ့အဖြစ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရာပြည့်ခန်းမတွင်ဆက်လက်ဆွေးနွေးပို့ချသင်ကြားပေးလျှက်ရာ တက်ရောက်လာသည့်ဆရာဆရာမများ စိတ်ပါဝင်စားစွာ သင်ကြားဆွေးနွေးခဲ့ကြသည်။
ထိုသို့သင်ကြားဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ ဆရာ၊ဆရာမများအရည်အချင်းပိုမိုပြည့်ဝလာပြီး ထူးချွန်ထက်မြက်သည့်ကျောင်းသူ၊ကျောင်းသားများပေါ်ပေါက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment