MNP ၊ မတ် ၃၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပဠိပထမပြန်စာမေးပွဲ စတုတ္ထမြောက်နေ့ကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားသိမ်တော်၌ ယနေ့၊ နေ့လယ် (၁၂)နာရီအချိန်တွင် ရဟန်း၊ သာမဏေ ၁၇ ပါးတို့က သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ရဟန်း၊ သာမဏေ ၂၀ ပါးအနက်၊ အခြေပြုမူလတန်းတွင် စာရင်းရှိ ၁ ပါးနှင့်ပထမအလတ်တန်းတွင် စာရင်းရှိ ၂ ပါး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး၊ ယနေ့တွင် ပထမအကြီးတန်း ၆ ပါးတို့က အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာအားလည်းကောင်း၊ ပထမအငယ်တန်း ၁၁ ပါးတို့က တိကမာတိကာ၊ဒုကမာတိကာနှင့်ဓာတု ကထာဘာသာရပ်တို့ကို ဖြေဆိုတော်မူခဲ့ကြသည်။
အဆိုပါစာမေးပွဲတွင် စာဖြေ ရဟန်း၊ သာမဏေများ စိတ်အေးချမ်းသာစွာဝင်ရောက် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများနှင့်စာဖြေ ရဟန်း၊ သာမဏေများကို နဝက္ကမဝတ္တု နှင့်အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ဆက်လက်၍ ဧပြီလ ၁ ရက်နေ့တွင် ဧပြီလ ၁ ရက်နေ့မှာ ပထမအငယ်တန်း ၁၁ ပါးက ဘာသာပြန်ဘာသာအားလည်းကောင်း၊ ပထမအကြီးတန်း ၆ ပါးက ယမိုက်အောက်(၅) ကျမ်း ဘာသာအားလည်းကောင်း၊ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပထမအကြီးတန်း ၆ ပါး တို့သာ ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment