မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသားကျောင်သူ ၁၂၆ ဦး ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသားကျောင်သူ ၁၂၆ ဦး ဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၂၆)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ အ.ထ. က(မအီ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၄၅)ဦးရှိပြီး ရူပဗေဒဘာသာရပ် ဖြေဆိုသူဦးရေမှာ ကျား(၄၄)ဦး၊ မ(၆၀)ဦး၊ စုစုပေါင်း(၁၀၄)ဦးဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၇)ဦးရှိပြီး ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူဦးရေမှာ ကျား(၁၉)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၅၀)ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စာစစ်ဌာန(၂)ခုတွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၀၄)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ အ.ထ. က(မအီ) စာစစ်ဌာနတွင် ကျား(၁၁)ဦးနှင့် မ(၆)ဦးနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ကျား(၃)ဦးနှင့် မ(၈)ဦးရှိပြီး စုစုပေါင်း(၃၆)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်း၊ အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၃.၆၅)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၆.၃၅)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၇၈)ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၂၂)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ဌာနဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ မအီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ မသမာမှုကင်းရှင်းရေးနှင့် လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းအား ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုနေစဉ်အတွင်း ထူးခြားမှုတစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment