ရွှေတောင်မြို့နယ်တွင် ( ၇၈) နှစ်မြောက် တပ်မတော် နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ( ၇၈) နှစ်မြောက် တပ်မတော် နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ




MNP ၊ မတ် ၂၅

ပဲခူး တိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ( ၇၈) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျောင်းကုန်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်‌ရေး (VDP ) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည် ။


အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ( ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ရွှေတောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူ ၊ဒေသခံပြည်သူတစ်ဦးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။


ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ( ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့် အမှာစကားပြောကြားပြီး ရွှေတောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူ  ကကျေးရွာဖွံ့ဖြိုး တိုးတက်ရေး(VDP ) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည် ။


ထို့နောက်မကျီးအင်းကျေးရွာ ရွာသူ / ရွာသားများကိုယ်စား ပြည်သူ တစ်ဦး မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ လမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ( V D P) စီမံ ကိန်းဖြစ်သည့် ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၇၈၀'× ၁၂' × ၆")ဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် အဖွဲ့ ဝင်များ၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ အကြီးအကဲ များ ၊မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်တက်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)