မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆို


MNP ၊ မတ်  ၁၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာစာမေးပွဲ ဖြေဆိုခြင်း မပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။  


မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၄၃) ဦး၊ ပျက်ကွက်သူ (၁၂၄) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၅၆ ရာခိုင်နှုန်း၊ ချောင်းဆုံမြို့နယ် အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၃၆၂) ဦး၊ပျက်ကွက်သူ (၂၄)ဦးဖြင့် ဖြေဆိုမှု ၉၃ ဒသမ ၇၈ ရာခိုင်နှုန်း၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၇၉) ဦး၊ ပျက်ကွက်သူ (၂၈) ဦးဖြင့် ဖြေဆိုမှု ၈၆ ဒသမ ၄၇ ရာခိုင်နှုန်း၊ မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၆၇၄) ဦး၊ ပျက်ကွက်သူ (၃၄) ဦးဖြင့် ဖြေဆိုမှု ၉၅ ဒသမ ၂၀ ရာခိုင်နှုန်း၊ သံဖြူဇရပ် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၃၈) ဦး၊ ပျက်ကွက်သူ (၁၉) ဦးဖြင့် ဖြေဆိုမှု ၉၆ ဒသမ ၅၉ ရာခိုင်နှုန်း၊ ရေးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၀၃) ဦး၊ ပျက်ကွက်သူ (၇၉) ဦးဖြင့် ဖြေဆိုမှု ၈၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၂၀) ဦး၊ ပျက်ကွက်သူ (၄၄) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၁၈)ဦး၊ ပျက်ကွက်သူ (၅၇) ဦးဖြင့် ဖြေဆိုမှု ၉၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဘီးလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၃၅) ဦး၊ ပျက်ကွက်သူ (၂၆) ဦးဖြင့် ဖြေဆိုမှု ၉၄ ဒသမ ၃၆ ရာခိုင်နှုန်း၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)တွင် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၃၉၆) ဦး၊ ပျက်ကွက်သူ (၁၇) ဦးဖြင့် ဖြေဆိုမှု ၉၅ ဒသမ ၈၈ ရာခိုင်နှုန်းတို့ဖြစ်သည်။


ယင်းသို့ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)