ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ


MNP ၊ မတ်  ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် ပုဂံမြို့ (Aureum Palace Hotel)ရှိ ကျန်စစ်သား ခန်းမတွင် မတ် ၁၀ ရက်၊ နံနက် ၁၁ နာရီအချိန်ကတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က အဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဇော်မျိုးလတ် (ညွှန်ကြားရေးမှူး)မှ မန္တလေး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှ ဒေသအ ခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ (ပုဂံဇုန်)မှ အမှုဆောင် ဦးဇော်ဝင်းမိုးမှ ဟိုတယ်လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ပုဂံဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးသန်းဌေးမှ ဧည့်လမ်းညွှန်များ အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) အတွင်းရေးမှူး ဦးခင်မောင်ထွေးက ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံခရီးသွား သယ်ယူပို့ဆောင်ရေးအသင်း(ပုဂံဇုန်)နာယက ဦးတင်အောင်လှိုင်မှ ခရီးသွားသယ်ယူပို့ဆောင်ရေး အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရကာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်မှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment