တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာစီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာစီမံကိန်းဖြင့် ရေထွက်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လမ်းသစ်ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်း





MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း မဲခေါင်-လန်ချန်း   နိုင်ငံများအကြား ကျေးရွာအဆင့်  ဆင်းရဲမှု လျော့ချရေးဆိုင်ရာစီမံကိန်းဖြင့် အသေးစားနှင့်အလတ်စားမိရိုးဖလာရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Phase-II) အစပျိုးအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစားနှင့်အလတ်စား မိရိုးဖလာရေထွက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေးအာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ


တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်   စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အလတ်စားရေထွက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအနေဖြင့် ငါးပိ၊ ငါးခြောက်၊ ငါးဆာနယ်၊ ငံပြာရည်၊ ငါးချဉ်နှင့် ပုဇွန်ချဉ်လုပ်ငန်း စုစုပေါင်း(၁၅၇)ခုရှိပြီး ယခုအစည်းအဝေးမှ ရရှိလာသည့်အကြံပြုချက်များ၊  ဖြည့်ဆည်းချက်များဖြင့်      ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် ကျန်းမာရေးနှင့် ညီညွှတ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ FDA ခွင့်ပြုချက်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှည်(၈၀၀)ပေ၊ အကျယ်(၁၂)ပေရှိ ဂဝံအမာခံ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စံပြရွာထူထောင်ခြင်းစီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများက ရွာသစ်ကျေးရွာ၊ ကုန်ထုတ်လမ်းအသစ် ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ အဆိုပါကုန်ထုတ်လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပေါက်တောကျေးရွာ၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန် မျိုးစေ့ချကိရိယာ (Drum Seeder) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)များ ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်တမ်းတိုကာ အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးရန်၊ တစ်ကွင်းတစ်ဆက်တည်း မျိုးစပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးရန်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မျိုးစေ့ထုတ် စိုက်ခင်းများထူထောင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)