ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်



MNP ၊ မတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ဆေးရောင်ခြယ်ပြိုင်ပွဲတွင်  ပြည်ကြီးမဏ္ဍိုင်မြို့၊    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက နွေရာသီ  ကျောင်းပိတ်ရက်များ၌ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်နှင့် လိုက်ဖက်သောကာလာများ ရွေးချယ်အသုံးပြုတတ်စေရန် ယခုပြိုင်ပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ  ဆေးရောင်ခြယ်ပြိုင်ပွဲတွင်  မိမိတို့စိတ်ကြိုက် ဆေးရောင်ခြယ်များဖြင့် ခြယ်သ၍ ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံး(၃)ဦးအား ရွေးချယ်၍ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းထိုးနည်း၊ အခြေခံချည်ထိုးနည်း၊ ခေါင်းစည်းကွင်းပြုလုပ်နည်းနှင့် ပန်းစည်းလုပ်နည်းသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။      


ကေခိုင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment