ပြည်ကြီးမဏ္ဍိုင်မြို့၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိ၍စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိ၍စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ





MNP ၊ မတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ လျက်ရှိသည်။


ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ စားပင်သီးပင်များ  စိုက်ပျိုးရာ၌  သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ဘူးပင်၊ ချဉ်ပေါင်၊ ရုံးပတီ၊ ဆလပ်၊ ကန်စွန်း၊ ခရမ်း၊ပဲ၊ ခဝဲ၊ သခွား၊ ပန်းဂေါ်ဖီနှင့် နံနံပင်များကို  အိမ်ဘေးပတ်ဝန်းကျင်ရှိ မြေလွတ်နေရာ များတွင် ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။ 


ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သည့်အတွက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်ပြီး ဘူးသီးတစ်လုံး(၁၅၀၀)ကျပ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက် တစ်စီး(၂၀၀)ကျပ်၊ ရုံးပတီ၊ နံနံပင် တစ်စီး(၃၀၀)ကျပ်၊ ဆလပ် တစ်ပင် (၁၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျင် (၁၀၀၀)ကျပ်၊ခရမ်းသီး (၁၀)သား  (၄၀၀)ကျပ်၊  ခဝဲသီးတစ် ထောင့်လျင် (၅၀၀)ကျပ် ရရှိရာထွက်ရှိသမျှ  ဟင်းသီးဟင်းရွက်များကို အိမ်တွင်ရောင်းချခြင်းနှင့် လေညာရပ်ကွက်ရှိ  ဈေးတွင်ဖောက်သည်ပေး၍ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်။


ကေခိုင်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment