MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး ဆိုင်ရာအရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကင်းတောင် စံပြကျေးရွာ ၊ တရဘကျေးရွာနှင့်ကျောက်မောင်နှမကျေးရွာများတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး ကအမှာစကားပြောကြားပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပေးအပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကင်းတောင် စံပြကျေးရွာ ၊ တရဘကျေးရွာနှင့် ကျောက်မောင်နှမကျေးရွာများသို့ တစ်ရွာလျှင်အရင်းမပျောက် မတည်ငွေကျပ်သိန်း(၃၀၀)စီကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment