တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP ၊ မတ် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ ကြီးမှူး၍ လူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက NOBLE International Pre – School & Learning Centre တွင်ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေ က လူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်ဟောပြောပြီးနောက် ကျောင်းသူ ၊ ကျောင်းသားများက ပြသထားသော နံရံကပ်စာ‌စောင်များကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။


အဆိုပါနံရံကပ်စာစောင်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးနှင့်နှစ်နိုင်ငံအကြီး အကဲများတွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် လူကုန် ကူးမှုအကြောင်းသိကောင်းစရာမှတ်တမ်းဓာတ်ပုံများ ကိုပြသထားရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)