ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၁၃

      သထုံခရိုင်၊ ဘီးလင်းနယ်မြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့၊ ဓာတုဗေဒ ဘာသာရပ်ကို ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။


           ဘီးလင်းမြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ စာရင်းတင်သွင်းထားသူ (၃၃၄)ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၉၉) ဦး ၊ကျောင်းသူ (၂၁၅)ဦး၊ စုစုပေါင်း (၃၁၄)ဦး နှင့် ဖြေဆိုရန်ပျက်ကွက်သူ ၊ကျား(၇) ဦး ၊ မ (၁၃) ဦး စုစုပေါင်း (၂၀)ဦးဖြစ်ရာ ဖြေဆိုမှုရာခိုင်နှုန်း  ၉၄.၀၁ % ရှိ​ကြောင်းသိရသည်။


      တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဥ် ကာလအတွင်း  ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေး ချမ်းစွာဖြေဆို နိုင်ရေး ၊ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရေးတို့အတွက်   ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


ထူးနောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)