မောက်မယ်မြို့နယ်၌ မန်ကျည်းသီးများစျေးကောင်းရ၍ မန်ကျည်းပင်အပင်ပြတ်ဝယ်ယူသူများ လုပ်ငန်းအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ မန်ကျည်းသီးများစျေးကောင်းရ၍ မန်ကျည်းပင်အပင်ပြတ်ဝယ်ယူသူများ လုပ်ငန်းအဆင်ပြေ



MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့်ရပ်ကွက်များတွင် ရှေးယခင်က အလေ့ကျအပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးခဲ့သော မန်ကျည်းပင်များသည် ယနေ့သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်းဖြစ်ပြီး ယခုနှစ်တွင် အခွံချွတ်ပြီး မန်ကျည်းသီးမှည့် တစ်ပိဿာလျင် ၁၅၀၀ကျပ်၊ မန်ကျည်းသီးမှည့်မှ အစေ့ထုတ်ပြီး တစ်ပိဿာလျင် ၄၀၀၀ကျပ်၊ ပွဲရုံအဝယ်ဒိုင်များတွင် ရောင်းချရသဖြင့်  မန်ကျည်းပင်များအား ကြိုတင်ငွေပေး၍ ဝယ်ယူသူများအား လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။


“မန်ကျည်းပင်က တစ်နှစ်မှာတစ်ကြိမ်ပဲ ဆွတ်ခူးရောင်းချလို့ရတဲ့ နှစ်ရှည်သီးနှံဖြစ်ပေမဲ့ ရာသီဥတုအခြေအနေ ကောင်းရင်ကောင်းသလို အသီးထွက်နှုန်းကောင်း၍ ဒီနှစ်မန်ကျည်းသီးရာသီမှာ မန်ကျည်းပင်များ သိန်း၂၀ ဖိုး ဝယ်ယူထားပါတယ် အပင်အသီးပေါ်မူတည်ပြီး တစ်ပင်ကိုသုံးလေးသောင်း ခန့်ငွေပေးဝယ်ပါတယ်၊ မန်ကျည်း သီးပုတ်သမား တစ်နေကုန်တက်ပုတ်လျင် ၁၀၀၀၀ ကျပ်၊ မန်ကျည်းသီးကောက်သမား တစ်ဦးကို ၅၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်အတောင့်များကို အခွံချွတ်၊ အစေ့ထုတ် တစ်ပိဿာလျင် အလုပ်သမားခ ၁၀၀၀ ကျပ်နှုန်း ပေးရပြီး အခုဆိုရင် ပိသာချိန် ၅၀၀ ကျော်လောက်ရနေပြီး တက်ပုတ်စရာအပင်တွေတော်တော်များများ ကျန်နေသေးတယ်”လို့ မန်ကျည်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment