MNP ၊ မတ် ၂၀
အခြေခံပညာကျောင်းသားကျောင်းသူလေးများ နွေရာသီကျောင်းအားရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများပေါ်ထွန်းလာပြီး တီထွင်ဆန်းသစ်မှုများ ရရှိလာစေရန်၊ ပန်းချီအနုပညာကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ အင်္ဂလိပ်ဘာသာစကားကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် အခြေခံပန်းချီညာသင်တန်းနှင့် အခြေခံအင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးနေမျိုးသူရိန်က သင်တန်းများဖွင့်လှစ်ရခြင်း အကြောင်းအရင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများအနက် အခြေခံပန်းချီပညာသင်တန်းအား မြို့နယ်အတွင်းရှိပန်းချီအနု ပညာရှင်ဆရာကြီးများနှင့်ပူးပေါင်း၍ တစ်ရက်လျှင်သင်တန်းချိန် နှစ်ချိန်ဖြင့်ဖွင့်လှစ် သင်ကြားပို့ချ သွားမှာဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိဖြစ်ကြောင်း၊ အခြေခံအင်္ဂလိပ်ဘာသာစကားသင်တန်းအား ဆရာဦးလွင်ကိုကိုမှ နေ့စဉ်သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိဖြစ်ကြောင်း၊ ပန်းချီသင်တန်းတွင် တက်ရောက်သည့်သင်တန်းသား(၂၈)ဦးနှင့် အင်္ဂလိပ်ဘာသာစကားတွင် တက်ရောက်သည့်သင်တန်းသား (၃၄)ဦးရှိကြောင်း ၎င်းသင်တန်းအသီးသီးအား အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေး ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ
https://t.me/MyanmarNationalPost

No comments:
Post a Comment