MNP ၊ မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ “လူငယ်များကိုပျိုးထောင်ပေးပါ ”စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နေ့လယ်(၁)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် မိခင်နှင့်ကလေး/ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒေါ်သန်းသန်းဦးက စာအုပ်ပါ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မိခင်နှင့်ကလေး/အမျိုးသမီးရေးရာဥက္ကဋ္ဌကိုယ်စား ဒေါ်သန်းသန်းဦးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၃)ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment