ဦးစိုးထွန်းရှိန်လွတ်မြောက်ရေး လက်မှတ်ရေးထိုး၍ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးစိုးထွန်းရှိန်လွတ်မြောက်ရေး လက်မှတ်ရေးထိုး၍ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရ


MNP ၊ မတ် ၁၁

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး အား အဓိက ကူညီထောက်ပံ့ လှူဒါန်းသူ သာသနာ့ဒါယိကာ ဦးစိုးထွန်းရှိန်အား NLD အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချထားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပြန်လည်သုံးသပ် ဆောင်ရွက်ပေးနိုင်ရန် လက်မှတ်ရေးထိုး၍ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


နေပြည်တော်တွင် လက်မှတ်စုဆောင်းကောက်ခံမှုများ ဆောင်ရွက်နေသည့် ဆရာတော်ဦးပညာ က "ဒီကိစ္စက တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ လုပ်တဲ့ကိစ္စမဟုတ်ပါဘူး။ အများသဘောဆန္ဒနဲ့ လုပ်ဆောင်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ ဦးစိုးထွန်းရှိန် အနေနဲ့ အနောက်တံခါး ခြံစည်းရိုးကာရံရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ဒါဆိုရင် တိုင်းပြည်လုံခြုံရေးအတွက် ဆောင်ရွက်ခဲ့တာလို့ ပြောရမှာပဲလေ။ ဘူးသီးတောင်၊ မောင်တောမှာ ကျေးရွာတွေ တည်ထောင်ပေးဖို့ လုပ်ခဲ့တာ ရှိသလို ဘုရားတည်ပြီး သာသနာထွန်းကားဖို့ ဆောင်ရွက်ပေးခဲ့တာမျိုးလည်း ရှိပါတယ်။ သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးတွေ ကျင်းပခဲ့တယ်။ ဘာသာ သာသနာအတွက် လုပ်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ မဟော်သဓာကျောင်းတော်ကြီးတွေ တည်ဆောက်နိုင်ဖို့ လှူဒါန်းခဲ့တာတွေလည်း ရှိတယ်။ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ် ပညာရေးအတွက်လည်း ပံ့ပိုးခဲ့တာတွေ ရှိပါတယ်။ တိုင်းပြည်၊ လူမျိုး၊ ဘာသာ သာသနာ၊ ပညာ အတွက် အဘက်ဘက်က ပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ အနယ်နယ်အရပ်ရပ် က အမျိုးသားရေးလှုပ်ရှားသူတွေ ပူးပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြကြဖို့ စီစဉ်လုပ်ဆောင်တဲ့ သဘောပါ။ ရန်ကုန်မှာလည်း လက်မှတ်ကောက်ခံကြလိမ့်မယ်။ ဦးဇင်းတို့လည်း အားလုံးရဲ့ ဆန္ဒနဲ့အညီ နေပြည်တော်ဘက်က လက်မှတ်တွေ စုပေါင်းကောက်ခံပေးမယ်။ မတ်လ ၂၇ ရက်နေ့အထိ ရသလောက် လက်မှတ်တွေ ကောက်ခံသွားဖို့ ရှိပါတယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်အကြီးအကဲတွေထံ ဦးဆောင်သူတွေက စနစ်တကျ တင်ပြကြပါလိမ့်မယ်" ဟု မိန့်ကြားသည်။


ဦးစိုးထွန်းရှိန် လွတ်မြောက်ရေးအတွက် "သာသနာ့ဒါယကာကြီး ဦးစိုးထွန်းရှိန် လွတ်မြောက်ရေး" ခေါင်းစဉ်ဖြင့် မြန်မာ့သတ္တုတွင်းဥပဒေနှင့် ငြိစွန်းသည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ၏ အမှုကိစ္စတွင် အမှုမှန်ပေါ်ပေါက်ရေးနှင့် လွတ်မြောက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် လက်မှတ်ရေးထိုးတောင်းဆိုမှု လုပ်ဆောင်နေကြခြင်းဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း NLD အစိုးရလက်ထက်က ဖမ်းဆီးထောင်ချခဲ့သော ဆရာတော်ဦးဝီရသူ၊ ဒေါက်တာအေးမောင်၊ ဦးလှဆွေ အပါအဝင် ထင်ရှားသည့် ပုဂ္ဂိုလ်တချို့ကို အမှုရုပ်သိမ်း၍သော်လည်းကောင်း၊ လွတ်ငြိမ်းသာပြု၍သော်လည်းကောင်း လွှတ်ပေးခဲ့ပြီးဖြစ်သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)