နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများတပ်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများတပ်ဆင်ဆောင်ရွက်





MNP ၊ မတ် ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများတပ်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးမီးသတ် ရေစင်တွင်ပြုလုပ်ခဲ့ကြသည်။


အဆိုပါ ရေပိုက်ခေါင်းရေပိုက်များ တပ်ဆင်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့်အဖွဲ့ဝင်များက ရေစင်မှရေအသင့်ရရှိနိုင်ရေး ရေပိုက်ခေါင်းများ၊ ရေပိုက်များ အသစ်တပ်ဆင်ခြင်းနှင့် အရေးပေါ်မီးဘေးအတွက် ရေကျဆင်းမှု ကောင်း/ မကောင်း လက်တွေ့ဆောင်ရွက်ခဲ့ပြီး ဈေးအတွင်းရှိ ရေငုတ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)