MNP ၊ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလအတွင်းဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြိုတင်အသိပေးပြောကြားခဲ့သည်။
နှစ်သစ်မင်္ဂလာအခမ်းအနားကို သင်္ကြန်ပွဲတော်ကာလအပြီး ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နံနက်ပိုင်းအရုဏ်တက်အချိန်အခါကစ၍ သံဃာတော်သြဝါဒစရိယဆရာတော်များအား အရုဏ်ဆွမ်းကပ်လှူဒါန်းခြင်း၊ စေတီတော်ကြီး၏ ရှေးဟောင်းဗုဒ္ဓတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားဖွင့်ပွဲ နှင့်အလှူပွဲတွေကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ်နံနက် ၅ နာရီမှ ညနေ ၈ နာရီအချိန်အတွင်း ဘုရားပရဝုဏ်ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment