ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးရက်တို သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးရက်တို သင်တန်း ဖွင့်လှစ်





MNP ၊ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စာရေးဝန်ထမ်းများ၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်လျက် ယနေ့နံနက် ၉နာရီ ခွဲအချိန်မှစတင်ကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ရက်တိုသင်တန်းပို့ချလျက်ရှိကြောင်းသိရသည်။


ရှေးဦးစွာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ ညောင်ဦးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်‌ ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စာရေးဝန်ထမ်း များလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရန် ရက်တိုသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း သင်တန်းသား/သူများအနေဖြင့် လက်တွေ့လုပ်ငန်းများလုပ်ကိုင်ရင်း သင်ယူ၊ သင်ယူရင်း လက်တွေ့လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေမည်ဖြစ်ကြောင်းအမှာစကား ပြောကြားသည်။ ပြီးနောက် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း၌ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ သင်တန်းပို့ချသည့် နည်းပြများက ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း၊ သင်တန်းကာလမှာ မတ် ၃၀ နံနက် ၉နာရီခွဲမှ မတ် ၃၁ ရက်၊ ညနေ ၃ နာရီအချိန်ထိ လုပ်ငန်းစွမ်း ဆောင်ရည် ရက်တိုသင်တန်းဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)