MNP ၊ မတ် ၃၁
မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ် က ပေါင်မြို့နယ် အခြေခံ ပညာ အထက်တန်း ကျောင်း ရွှေရတုခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါင်မြို့နယ် ပညာ ရေးမှူးဒေါ်စန်းစန်းအေးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယခုလိုစွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ဆရာမများ အရည်အချင်း ပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ဆရာမ(၉၂၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ(၃၁)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄)ရက်ကြာ သင်ကြားဆွေးနွေးသွား ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment