MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေး ရှိစေရေး အသိပညာပေး ဆောင် ရွက် ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်း နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများ နှင့်စာရေးဝန် ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အလယ်ဈေးရပ်ကွက် အသင့်စားမုန်တီခြောက်စက်ရုံ သို့ သွား ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်း တွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်း ဦးဆောင်၍မီး သတ် တပ်ဖွဲ့ ဝင် များ နှင့်မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ စားသောက်ဆိုင်များတွင် မီး ဘေးအန္တရာယ် ကြိုတင် ကာ ကွယ် ရေး၊မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့်မီး လောင်မှုကြောင့်ပြည်သူများ ၏အသက်၊ အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးတို့ အတွက်မီးကိုစနစ်တကျ အသုံးပြု တတ် စေ ရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသောလျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက် စီးယို ယွင်းနေပါကအသစ်လဲ လှယ်၍ပြန်လည်တတ်ဆင်အ သုံးပြုကြရန်နှင့်လျှပ်စစ် ဝါယာ ချော့ ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအားစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေး များဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြိမ်းသတ် ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့် ထားရှိရန် နှင့်ရုတ်တရက်မီးလောင်မှု/မီး လန့်မှုများဖြစ်ပေါ်လာပါကမြို့နယ် မီးသတ်ဦးစီးဌာန သို့ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန်လိုအပ်ကြောင်းစသည့်အသိပညာပေးခြင်းလုပ်ငန်းများကွင်း ဆင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment