MNP ၊ မတ် ၃၁
မြို့လမ်းအင်္ဂါရပ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဘေးဝဲ/ယာရှိ လူသွားလမ်းပလက်ဖောင်းများနှင့် နှစ်လမ်းသွားလမ်းမကြီး၏ အလယ်ဗဟိုမျဉ်းများကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ပေးခဲ့ပြီး ပြန်လည်အလှဆင်ဆေးသုတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မူဆယ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင် စုလမ်းမကြီးတစ်လျှောက် ပျက်စီးနေပြီးဖြစ်သော နှစ်လမ်းသွားလမ်းကြီး အလယ်ဗဟိုမျဉ်းအုတ်ခုံ အတားအဆီးများကို ပြန်လည်ပြုပြင်၍ ဆေးသုတ်ခြင်း၊ နှစ်လမ်းသွား အလယ်မျဉ်းသံစကာများကို စနစ်တကျပြန်လည်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ သို့မှသာ စည်းကမ်းမဲ့ယာဉ်မောင်းနှင်းခြင်းများ၊ အတား အဆီးသတ်မှတ်ချက်များ မရှိ၍ တစ်ဖက်ယာဉ် လမ်းကြောပေါ်သို့ စည်းကမ်းမဲ့ ကျော်တက်မောင်းနှင်ခြင်းများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး ညဖက် ယာဉ်မောင်းနှင်ရာတွင် လမ်းအလယ်မျဉ်းများသည် ထင်ရှားသိသာစွာ မှတ်သားတပ်ဆင်ထားမှသာ ယာဉ်မောင်းများ အလွယ်တကူမြင်နိုင်ပြီး ယာဉ်မတော်တဆတိမ်းမှောက်မှုများကို ထိရောက်စွာ ကာကွယ်တားစီးနိုင်မည်ဖြစ်သည်။ ထို့အတူ ယာဉ်လမ်းကြောပိတ်ဆို့မှုများ လျော့နည်းရေး၊ ယာဉ်မတော်တဆ ထိခိုက်မှုများ နည်းပါးရေးနှင့် နွေဉီးပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်အတွက် မီးသတ်ယာဉ်များ အချိန်နှင့်တပြေးညီ ရောက်ရှိနိုင်ရေးတို့အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျဉ်းမြောင်းသော လမ်းနေရာများနှင့် လမ်းကွေ့များကို ချဲ့ထွင်ပြုပြင်ဆောင်ရွက်ခြင်းများကို ဉီးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်ပိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment