ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ





MNP ၊ မတ် ၃၁

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော် ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ  သမ္မာဒေဝနတ်များအားပင့်ဖိတ်ကာ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့ မြို့မဆရာတော်အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက  ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ပွဲတော်ကျင်းပရေးနာယက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား မီးစတင်ပူဇော်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်‌ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး‌အောင်သောင်းထိုက်နှင့်  လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလဆုတ်(၄)ရက်နေ့အထိ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဥ်၊ ကုန်ပစ္စည်းများရောင်းဝယ်ရေးအစီအစဥ်၊ ပျော်ပွဲရွှင်ပွဲအစီအစဥ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ခူးလပြည့်နေ့တွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် အပါး(၅၀၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ အများပေါင်းစုကောင်းမှုကုသိုလ်ဖြင့် ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများလောင်းလှူ ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)