MNP ၊ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်းကျေးရွာတွင် ယမန်နေ့ နံနက် ၉နာရီခန့်က PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကို လုံခြုံရေးအဖွဲ့ က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ မောင်းထောင်းကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသည့် PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း အမာခံများ၏ သတင်းပေးချက်အရ ပြည်သူများအေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်လင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများက ကားပေါ်သို့ လက်နက်ခဲယမ်းများ တင်ဆောင်နေသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးအဖွဲဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများမှာ ကြောက်လန့်ပြီး ပြန်မပစ်နိုင်ဘဲ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ လက်နက်ခဲယမ်းများ တင်ဆောင်ခဲ့သည့် ကားအား လုံခြုံရေးအဖွဲဝင်များမှ အသေးစိတ်စစ်ဆေးခဲ့ပြီး လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံးသီး ၂၂ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ ဆိုင်ကယ်ဘတ္ထရီအိုး ၃ လုံး၊ ယမ်းဗူးကြီး ၁ ဗူး၊ ဝါယာကြိုး ၁ ခွေ၊ ဗုံးသီးထည့်သေတ္တာ ၂ လုံး၊ ၁၂ ဗိုကျည် ၇ တောင့်၊ ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲဝင်များမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment