ကျောက်ဖြူမြို့၌ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအား လေပြင်းဘေးဒဏ်ခံနိုင်သောအိုးအိမ်များ ဖြစ်စေရေး ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအား လေပြင်းဘေးဒဏ်ခံနိုင်သောအိုးအိမ်များ ဖြစ်စေရေး ထောက်ပံ့ပစ္စည်းများပေးအပ်






MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဆင်းရဲနွမ်းပါးသည့်မိသားစုဝင်များအား လေပြင်းဘေးဒဏ်ခံနိုင် သော အိုးအိမ်များဖြစ်စေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့ နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ နယ်ရှိ လေပြင်းဘေးဖြစ်ပွားနိုင်ခြေရှိသည့် ကျေးရွာများသို့သွားရောက်ကာ ၎င်းကျေးရွာများရှိ နေအိမ် များ ပြင်ဆင်ရန်အတွက်အခက်အခဲဖြစ်နေသူများကို ပြန်လည်ပြင်ဆင်နိုင်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ 


ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးသည့်မိသားစုများအတွက် လေ ပြင်းဘေးဒဏ်ခံနိုင်သောအိုးအိမ်များဖြစ်စေရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ ကျောက်ဖြူမြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ စစ်တမ်းကောက်ရွေးချယ်ထားသည့် ကျေးရွာများဖြစ်သည့် လိပ်ခမော်ကျေးရွာအုပ်စုရှိ ကျေးရွာ(၅)ရွာမှ ဆင်းရဲနွမ်းပါးသည့်အိမ်ထောင်စု(၃၀၀)စုတို့အတွက် ဓနိ (၇၁၃၀၀)ချပ်နှင့် ဝါး(၅၆၁၀)လုံးတို့အား  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 


   

  တင်ထွန်းဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)