အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူး ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တို့ လုပ်ငန်းညှိနှိုင်း အစည်းအ ဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူး ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တို့ လုပ်ငန်းညှိနှိုင်း အစည်းအ ဝေး ကျင်းပ





MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူး ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့် နွေရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေများ ရှားပါးမှုမဖြစ်ပေါ်စေရန် ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် မိမိဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းပြောကြားကြရန် နှင့်  မီးဘေးအန္တရာယ်ကြုံတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနများတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတို့ သွားရောက်၍ လှည့်လည် နှိုးဆော် ကြရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှလည်း သောက်သုံးရေ ရှားပါးမှုမဖြစ်ပေါ်စေရေး ဒိုင်းကျီကန် ၏ ကျုံးများပေါက်နေမှုကို ပြန်လည်ပြုပြင်၍ ရေသိုလှောင်ထားရှိနိုင်ရန်၊ မြို့တော် သန့်ရှင်းသာယာ လှ ပရေး အတွက် ဌာနဆိုင်ရာများ ပူးပေါင်၍ အမှိုက်ကင်းစင်မြို့တော်ဖြစ်ရန် ဝိုင်းဝန်း လုပ် ဆောင် ကြရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် မှလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာအလိုက် မိမိတို့ဌာနတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူး က မြို့နယ်ဌာနဆိုင်ရာများ၏ တင်ပြဆွေးနွေးချက်အပေါ် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)