အုတ်တွင်းမြို့၌ အခြေခံပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့၌ အခြေခံပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အသိပညာဗဟုသုတရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အခြေခံပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး သင်တန်း နည်းပြ ဆရာမဒေါ်ဝါဝါဝင်း (ရိုစီတာအလှပြုပြင်ရေး) က အခြေခံပန်းအလှထိုးနည်း သင်တန်းတွင် သင်ကြားပြသပေးသွားမည် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။


သင်တန်းတွင် စားပွဲတင်ပန်းအလှထိုးနည်း၊ လက်ကိုင်ပန်းထိုးနည်းများကို သင်တန်းသူ/ သင်တန်းသားများက လက်တွေ့ဆောင်ရွက်ကြပါသည်။ သင်တန်းကာလမှာ မတ်လ ၁၈ ရက်မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀) ဦး ခန့်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


မူမူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)