ကော့မှူး၌ ပါဋ္ဌိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူး၌ ပါဋ္ဌိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP ၊ မတ်  ၁၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  ဝါးဘလောက်ကျေးရွာ မူလရွာလယ်ကျောင်းတိုက် ဗိမာန်‌တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ညှိနှိုင်းဆွေးနွေးပွဲအား စတင်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာစက္ကက အဖွင့်‌ဩဝါဒစကားမြွက်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ပါဋ္ဌပထမပြန်စာမေးပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သာသနာ‌‌ရေးဆိုင်ရာများအား လျှောက်ထားခဲ့ကြောင်း သိရသည်။


အဆိုပါ ပါဋ္ဌိပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားလမ်းရပ်ကွက် တောရ ကျောင်းတိုက် မိဂဒါဝုန်ဓမ္မရုံ ကျောင်းတိုက်၌ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ (၇)ရက်တိုင်တိုင် မွန်းတည့် ၁၂ နာရီမှ ညနေ ၃နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ အစည်းအဝေးသို့ ကော့မှူးမြို့နယ်အတွင်းမှ ဆရာ‌ဩဝါဒဆရာတော်များ၊ မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာစက္ကနှင့် ဆရာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဌာကအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်သူရ 

https://t.me/MyanmarNationalPost




No comments:

Post a Comment