သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ






MNP ၊ မတ်  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃) ပညာသင်နှစ် သရက်ချောင်းမူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်း၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်တပ်နယ်မှူး ဗိုလ်မှူးအောင်ကျော်ခိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီး၊ သရက်ချောင်း၊ ရေဖြူ၊ ကလိန်အောင်တို့မှ ဦးစီးအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိ/ရပ်ဖများနှင့် မိဘများတက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အခမ်းအနားသို့တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တပ်နယ်မှူးတို့အားလည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မိဘများအားလည်းကောင်း ကျေးဇူးတင်စကားပြောကြားပြီး ယနေ့ကျင်းပသည့် အခမ်းအနားသည် (၂၀၂၂–၂၀၂၃) ပညာသင်နှစ်ပြီးဆုံး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာမှုကို ပြသသည့်အခမ်းအနားဖြစ်ကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆရာ၊ဆရာမများအနေဖြင့် ကလေးသူငယ်များအား နှစ်စဉ်လိုအပ်သည်များကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ကလေးသူငယ် များအား ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကျင်းပပေးသော တိုင်းဒေသကြီးညွှန်ကြာရေးမှူးနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကလေးသူငယ် များအတွက် အချိုရည်ဗူးများနှင့် အာဟာရမုန့်များလှူဒါန်းပေးမှုကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက လက်ခံရယူခြင်းခဲ့သည်။


ထို့နောက် တာဝန်ရှိသူများမှကလေးသူငယ်များအား ကျောင်းဆင်းလက်မှတ်များချီးမြှင့်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား ကလေးငယ်များက ကပြ ဖျော်ဖြေကာ အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးပိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment