သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ် စာစောင်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ် စာစောင်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ



MNP ၊ မတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား ရပ်/ကျေး စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၀ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။


ပထမဦးစွာ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး‌ဇော်ဝိတ်က‌ အမှာစကား ပြောကြားရာတွင် မြို့နယ် အတွင်းမှာ ရှိတဲ့စာကြည့်တိုက်အားလုံး ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်‌‌သော စာကြည့်တိုက်များဖြစ်စေရေး၊ ရပ်ကွက်နှင့် ကျေးရွာ စာကြည့်တိုက် များရှင်သန်အောင်‌ ဆောင်ရွက်နိုင်‌ရေးအတွက် စာကြည့်တိုက် ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ ဂရုတစ်စိုက်အလေး ထားဆောင်ရွက်နိုင်ရေး စသည်ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ယနေ့ စာအုပ်လှူဒါန်းပွဲ ပြုလုပ်ရခြင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသော စာအုပ်များကို ရပ်ကွက် ကျေးရွာစာကြည့်တိုက် (၃)တိုက်သို့ ထပ်ဆင့်လှူဒါန်းခြင်းဖြစ်ပါ ကြောင်း၊ ပထမအကြိမ်မှာလဲ စာကြည့်တိုက်(၃) တိုက်ကို လှူဒါန်း‌ပေးပြီးဖြစ်ပါကြောင်း၊ မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်ပေးစေလိုပါကြောင်းနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက  ပူးပေါင်းပါဝင်‌ ဆောင်ရွက် ပေးစေလိုကြောင်း သို့မှသာ စာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များကို မြို့နယ်အတွင်းရှိ ဒေါ်မိန်းခလေး စာကြည့်တိုက်၊ ပုလဲ‌ကျေးရွာရှိ ပုလဲရတနာစာကြည့်တိုက်၊ ကြုံကြိတ်‌ကျေးရွာရှိ အလင်းရောင်စာကြည့်တိုက်တို့ကို မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


စာအုပ်လှူဒါန်းပွဲအပြီးတွင် သုံးခွမြို့နယ်ရုံးမှ ပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသော မြို့နယ်စာကြည့်တိုက် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများနှင့် ပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


စည်သူလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)