မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းဖွင့်လှစ်





MNP   -    မတ်လ   ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့်(သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။


အဆိုပါ အင်္ဂလိပ်စာ(သဒ္ဒါ)အခမဲ့သင်တန်းတွင် မူလတန်းအဆင့်သင်တန်း၌ ကျောင်းသား/ကျောင်းသူ(၂၅)ဦးအား နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးတို့အား နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိလည်းကောင်း ပြင်ပပရဟိတပညာဒါနမှ ဆရာမဒေါ်ရွှန်းလဲ့လဲ့ဝေက လေ့ကျင့်သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ၂၇ ရက်‌နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ ကွန်ပျူတာသင်တန်း များနှင့် စာရေးဆရာကြီးများနှင့်ပူးပေါင်း၍ အတွေးရသစာပေစကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲအမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)