ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(Grade- 9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(Grade- 9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး





MNP   -    မတ် ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက် (Grade -9) နှစ်ဆုံး စာမေး ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီက စတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မတ်လ ၁ ရက်၊ ယနေ့တွင်  အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးပြီဖြစ်သည်။ 


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်း(၂၄၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းနှင့် ဘုန်း တော်ကြီးသင်ပညာရေး(၅)ကျောင်း စုစုပေါင်း(၂၅၅)ကျောင်းရှိရာ အခြေခံပညာမူလတန်းအဆင့် ခရိုင်စစ် Grade- 5 (သင်ရိုးသစ်) စာမေးပွဲကို စာစစ်ဌာန (၉၅)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြေခံပညာအလယ်တန်းအဆင့် ပြည်နယ်စစ် Grade- 9 (သင်ရိုးဟောင်း) စာမေးပွဲကို  စာစစ်ဌာန(၉၃)ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ (Grade -9) နှစ်ဆုံးစာမေးပွဲ နောက်ဆုံး နေ့တွင် အထွေထွေသိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၂၃၂ ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ပြီး (Grade- 5)နှင့်  (Grade -9) နှစ်ဆုံးစာမေးပွဲမှာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


  တင်ထွန်းဦး 

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)