ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၉)ဦးတို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား(၁၉)ဦးတို့အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်


MNP   -   မတ် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ထောက်ပံ့ငွေများပေးအပ်ရာတွင် နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွား(၁၉)ဦးတို့အား တစ်ဦးလျှင်(၃၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ(၅၇၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ကျေးရွာမှတာဝန်ရှိသူများက လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


ပိုင်ကျုံမြို့တွင် ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့် ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း (၃၅၇)ဦးရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)