အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်


MNP   -   မတ် ၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခွန်ဆန်မင်းထွန်း က စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်ခုနစ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ စွန့်ပစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံသိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့တွင်း အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ရာ မြို့တွင်းရှိ ပြည်သူများ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့်လည်းကောင်း၊ မြို့နေပြည်သူများ သန့်ရှင်းသာယာလှပရေးနှင့် စိတ်ချမ်းသာရမည် ဟူသော ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းရှိစွာ အမှိုက်များစွန့်ပစ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)