နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP   -   မတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ယဉ်ကျေးမှုများကို တိုးတိုက်မိခြင်း” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ်-၃တွင်ပါရှိသော စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “ယဉ်ကျေးမှုကို တိုးတိုက်မိခြင်း” ဆောင်းပါအား Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် တက္ကသိုလ်ဝင်တန်းမှ မောင်ရဲထက်ဦးနှင့် မရည်မွန်ဖြိုးတို့က ဆွေးနွေးပေးခဲ့ပြီး အချင်းချင်း အပြန်အလှန်မေးခွန်းများမေးမြန်း၍ အသိပညာဗဟုသုတများ မျှဝေ ခဲ့ကြကြောင်းနှင့် အဆိုပါဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရသည့်အတွက် တိုးတိုက်မိစရာ အကြောင်းရှိသောယဉ်ကျေးမှုရှစ်ခုရှိကြောင်းကိုလည်းကောင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်သည့် မြန်မာနိုင်ငံအတွင်းမှာပင် အခြားသောဘာသာများနှင့် ယဉ်ကျေးမှုများ နှစ်ကာလအတိတ်နှစ် ၁၀၀ ခန့် ထိုးဖောက်လွှမ်းမိုးခဲ့ကြောင်းကိုလည်းကောင်း အသိပညာဗဟုသုတအနေဖြင့် သိရှိခွင့်ရမည် ဖြစ်ကြောင်း သိရသည်။


နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုး ထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)