MNP - မတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မွေးမြူနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးသင်တန်းကို ယမန့်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဘုတ်ပြင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးမင်းထွေးက မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် မွေးမြူဆောင်ရွက်နိုင်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းကို တာဝန်ရှိသူများက အသီးသီးပို့ချခဲ့သည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် သင်တန်းသား သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် တိရစ္ဆာန်များ၌ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်နှင့် အခြားတိရစ္ဆာန်များတွင် ဗိုင်းရပ်(စ်)၊ ဘက်တီးရီးယား၊ ကပ်ပါးကောင် များကြောင့် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း နည်းလမ်းများ၊ မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှု ကောင်းမွန်စေရေးလုပ်ငန်းများနှင့် တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက်တတ်သော ရောဂါကာကွယ်ရေးနည်းလမ်းများ၊ မွေးမြူရေးခြံသုံး ဆေးဝါးများအကြာင်းများကို သင်တန်းနည်းပြများက စာတွေ့လက်တွေ့ဘာသာရပ်များအား မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment